လူငယ်လုပ်ငန်းရှင်များကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုအသင်း (YEN-D Myanmar) မှ ငလျင်ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် လက်ခံရရှိထားသည့် အလှူငွေများ လှူဒါန်းပေးခြင်း

မန္တလေး၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့

လူငယ်လုပ်ငန်းရှင်များကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုအသင်း (YEN-D Myanmar) မှ ငလျင်ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် -

YEN-D Myanmar အသင်းသူသင်းသားများ နှင့် YEN-D Network တစ်ခုလုံးထံမှ လက်ခံရရှိထားသည့် အလှူငွေများမှ ကျပ် ၁၀,၀၀၀,၀၀၀ (ကျပ်သိန်းတစ်ရာ) ကို မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှတဆင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လှူဒါန်းပေးခဲ့ပါသည်။

လူငယ်လုပ်ငန်းရှင်များကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုအသင်း (YEN-D Myanmar) မှ ငလျင်ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် လက်ခံရရှိထားသည့် အလှူငွေများကို ငလျင်ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သော အထောက်အပံ့များကို ဆက်လက်၍ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ငလျင်ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ကူညီမှုများကို ကူညီဆောင်ရွက်‌ပေးခဲ့သော YEN-D Mandalay မှတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါသည်။

YEN-D Myanmar & TBAM Business Networking Event

We are thrilled to share that the YEN-D Myanmar & TBAM Business Networking Event was an overwhelming success!

On February 27, 2025, business leaders, entrepreneurs, and industry experts gathered at Western Park Ruby Restaurant (Yangon) for an exciting evening of networking, collaboration, and new opportunities.

The event was a perfect platform for expanding connections, sharing insights, and exploring potential partnerships between Myanmar and Thailand.

We are grateful to all the participants and sponsors for making this event a huge success. A special thank you to the Thai Business Association of Myanmar (TBAM) for their collaboration, and to all the amazing individuals who attended and contributed to the vibrant discussions.

Here’s to more impactful collaborations and future successes! 🌱

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (UMBEEA) နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (UMBEEA) နှင့် လူငယ်လုပ်ငန်းရှင်များကွန်ယက်ဖွံ့ဖြိုးတိုးတက်မှုအသင်း (YEN-D Myanmar) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို 2023 ခုနှစ်၊ အောက်တိုဘာလ 21 ရက်၊ စနေနေ့တွင် ရန်ကုန်မြို့ UMFCCI ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (UMBEEA) နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် -

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကြီးမှ ဥက္ကဌ ဦးကျော်ဒေဝ ၊ ဒုတိယဥက္ကဌ ဦးမောင်မောင်အောင်တို့နှင့် အတူ မြန်မာလူငယ်လုပ်ငန်းရှင်များကွန်ယက် ဖွံဖြိုးတိုးတက်မှု အသင်းမှ ဥက္ကဌ ဒေါ်အိခိုင်ဇင်ဝင်းမြင့်၊ ဒုတိယဥက္ကဌ ဦးဆန်းလင်းထွဋ် (Domestic Relations Committee) တို့မှ အသင်းကိုယ်စား ပါဝင် လက်မှတ်ရေးထိုး တက်ရောက်ခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

လူငယ်လုပ်ငန်းရှင်များကွန်ယက် ဖွံဖြိုးတိုးတက်မှု အသင်းသည် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်သည့် လုပ်ငန်းဆောင်တာများတိုးတက်လာစေရန်၊ ဈေးကွက် အခွင့်အလမ်းများကို တိုးချဲ့သွားနိုင်စေရန်၊ အသိပညာများကို ဖလှယ်ပြီး ပံ့ပိုးချဲ့ထွင်နိုင်ရန် သတင်းအချက်အလက်များ ရရှိစေရန် စသည့်အချက်များကို ရည်ရွယ်၍ နားလည်မှုစာချွန်လွှာကို ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

Small and Medium Scale Enterprises

Our Domestic Relations Committee partnershiped with Yangon Division's Small Scale Industrial Department to help out YEN-Myan members, Start-Ups and SMEs with the smoother process of licensing and laboratory testing. About 10 A YEN-Myans will be showcasing booths at the event.

We would like to invite all of you (members and non-members) to visit to the event and to our booths as belows:

October 14, 15, 16th

Small Scale Industrial Department

Yangon Division, North Okkalapa Township